Myanmar Lorem Ipsum
Myanmar "Lorem Ipsum" Text Generator
Generate & Copy
Myanmar government letter.
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် စနစ်ဖြင့် ကျင်းပပြုလုပ်သော ၃၈ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် ၂၇ မှ ပါဝင် တက်ရောက်ခဲ့ပါသည်။ ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ၃၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ၏ ပထမနေ့အစည်းအဝေးအစီအစဉ်အဖြစ် ၃၈ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် ၂၀၂၀ ပြည့်နှစ် တို့၏ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံ စွမ်းအင် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံ က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၃၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး၊ ၆ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီအစည်းအဝေး၊ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များ ချီးမြှင့်ခြင်း အစီအစဉ်တို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
Government
Pali + Myanmar
Government
Office
Pali
Shan
Kayin